7388

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၁-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်(၇)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ပြည်ထောင်စုလွှတ်တော်ရုံးမှ ပေးပို့လာသော တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ အကြံပြုချက်ပေးပို့နိုင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၁-၁-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

burst