5664

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းဝေး(ဆဋ္ဌမနေ့) ကို
(၁.၉.၂၀၂၀)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းဝေး
ခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦး
ရှိသည့်အနက် (၂၈)ဦး တက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၂၈)ဦး
တက်ရောက်မှု အခြေအနေကိုမှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၃)ခု မေးမြန်းခြင်း
နှင့် ဖြေကြားခြင်း၊ အစည်းအဝေး(စတုတ္ထနေ့)က တင်သွင်းခဲ့သော ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်
မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ အမည်
စာရင်းတင်သွင်းထားသော ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်ကျော်သူ တို့မှ အကြံပြုဆွေးနွေးတင်ပြခြင်း၊ ဥပဒေကြမ်းတင်သွင်းသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ ရှင်းလင်းဆွေးနွေးပြီး ဒေသန္တရ စီမံကိန်းတွင် ပြောင်းလဲဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့်အတူ အတည်ပြုပေးပါရန် တင်ပြခြင်း
နှင့်ဥပဒေအားအခန်းလိုက်သဘောထားရယူရာ ကန့်ကွက်မည့်သူမရှိသဖြင့် ဥပဒေအား ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်းကြေညာခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဆဋ္ဌမနေ့)
တွင် အစည်းအဝေးတက်ရောက်မှုအခြေနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၃)ခုမေးမြန်း
ဖြေကြားခြင်း၊ဥပဒေကြမ်း(၁)ရပ်အတည်ပြုခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ (၁၇)ကြိမ်မြောက်
ပုံမှန်အစည်းအဝေးဆောင်ရွက်ချက်အနှစ်ချုပ်အား လွှတ်တော်သို့အသိပေးခြင်း၊ အစည်းအဝေးသို့
ဖိတ်ကြား၍ တက်ရောက်သူ (၈)ဦးဖြစ်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးကို နံနက်(၁၁း၃၀)နာရီအချိန်တွင်ရပ်နားခဲ့ပြီး ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ကြောင်းကြေညာခြင်းတို့ကို
ဆောင်ရွက်ခဲ့ပါသည်။